ပဲခူးမြို့ ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားရေး ခရီးသည်တင်၊ ကုန်တင်ကုန်ချ ပဲခူးမြို့ယာဉ်ဝန်းသစ်၌ ပိုးသတ်ဆေးဖျန်း

ပဲခူး ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားရေးအတွက် ခရီးသည်တင်၊ ကုန်တင်ကုန်ချ ပဲခူးမြို့ယာဉ်ဝန်းသစ်အတွင်းတွင် ယမန်နေ့ (၉)နာရီအချိန်တွင် ပိုးသတ်ဆေးဖျန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကုန်တင် ကုန်ချခရီးသည်တင် ယာဉ်ဝန်းသစ်တွင် တိုင်းဒေသကြီး ယာဉ်လုပ်ငန်း ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးစောသန်းမော် အဖွဲ့များက ကိုဗစ်စည်းကမ်းချက်နှင့်အညီ ခရီးသွားလာနိုင်ရေး အတွက် ကုန်တင်ကုန်ချ ခရီးသည်တင် ယာဉ်ဝန်းအတွင်းရှိ ကားဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါ ပိုးသတ်ဆေး(အခမဲ့)ဖျန်းခြင်း၊ ခရီးသည်တင်ကားများတွင် Mask တပ်စေခြင်း၊ လက်သန့်ဆေးရည် ထားရှိစေခြင်း၊ ခရိုင်၊ မြို့နယ်များရှိ ကားဂိတ်များကိုလည်း ဆက်လက်ပိုးသတ်ဆေးဖျန်း မှာဖြစ်ကြောင်း၊ တိုင်းဒေကြီးစီမံအုပ်ချုပ်ရေးကောင်စီ လမ်းညွှန်ချက်ဖြင့် ဆက်လက်လုပ်‌ဆောင်မှာဖြစ်ကြောင်း၊ ယာဉ်ကြီးကြပ်ရေး ကော်မတီမှ သိရှိရသည်။

မျိုးငြိမ်း