တွံတေး ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် မြို့မစျေးကြီးအတွင်းနှင့် မြို့ပေါ် ရပ်ကွက်များအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ကိုဗစ်-၁၉ နှင့် ပတ်သက်သော အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ခေါင်းဆောင်သော ကြက်ခြေနီ တပ်ဖွဲ့ဝင်များ သည် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ပူးပေါင်းကာ အများပြည်သူများ သိရှိစေရန်အတွက် လူစည်ကားရာ နေရာများဖြစ် သော မြို့မဈေးကြီး အတွင်း/ အပြင်နှင့် ဈေးလမ်းဆုံများ၊ ရပ်ကွက်များအတွင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(ဌာနချုပ်)၏ ကိုဗစ်-၁၉ အသိပညာပေး ပိုစတာများကို လိုက်လံကပ်ထားပေးခြင်း၊ ရှေးဦးပြုစုနည်း၊ စနစ်တကျ လက်ဆေးနည်းနှင့် mask များ တပ်ဆင်အသုံးပြုပုံ၊ စွန့်ပစ်မှုတို့ကို စနစ်ကျရှိ စေရန် သင်ကြားပေးခြင်း၊ ကြက်ခြေနီအကြောင်း ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။