ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း (၄)ဦးထပ်မံတွေ့ရှိ

ဖာပွန် ဇူလိုင် ၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာပေါင်း (၁၂)ဦးရှိပြီး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဖာပွန်မြို့တွင် (Positive)လူနာများနှင့် ထိတွေ့ခဲ့သူများနှင့် ဖျားနာသူများအား RDT Test Kit ဖြင့် ရောဂါပိုး ရှိ/မရှိစစ်ဆေးခဲ့ရာ ဇူလိုင်လ(၆)ရက်နေ့အထိ အမျိုးသား(၇)ဦး၊ အမျိုးသမီး(၅)ဦး၊ စုစုပေါင်း (၁၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရကြောင်းနှင့် အဆိုပါပိုးတွေ့လူနာများအား ဖာပွန်ခရိုင် ပြည်သူ့ဆေးရုံရှိ (Quaratine Centre) ၌ သီးသန့်ထားရှိပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား စုံစမ်းရှာဖွေဖော်ထုတ်၍ အသွားအလာကန့်သတ်ထားရှိနေပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

စိုင်းကျော်ဝဏ္ဏ