မိုးမိတ် ဇူလိုင် ၇
မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေမှာ လက်ရှိအခြေအနေအရ တတိယလှိုင်း အသွင်စတင်ဖြစ်ပွားနေသည်ဟု သုံးသပ်ရပြီး ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်ကုသခြင်းလုပ်ငန်း ပိုမို ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရန်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ မြို့မဈေးနှင့် ကျေးလက်ဈေးများတွင် ရောင်းချလျက်ရှိသော စားသောက်ကုန်နှင့် ဆေးဝါးဆိုင်များမှအပ ကျန်ကုန်ပစ္စည်းဈေးဆိုင်များအား ဇူလိုင် ၈ ရက်နေ့မှစတင်၍ ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးတင်ရှိန် က မိုးမိတ်မြို့နယ်အတွင်းရှိ မြို့မဈေး၊ မန်ကျည်းပင်ကျေးလက်ဈေး၊ ဘော်ဒေကျေးလက်ဈေး၊ ကင်းချောင်းကျေးလက် ဈေးများတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဈေးများ စားသောက်ကုန်ပစ္စည်းနှင့် ဆေးဝါးဆိုင်များမှအပ ကျန်ဈေးဆိုင်များကို ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်းနှင့် ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချရာတွင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်သွားနိုင်ရေးအတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နှားခေါင်းစည်း တပ်ဆင်စေခြင်း၊ နေ့စဉ်နှိုးဆော်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးတင်ရှိန် ထံမှ သိရသည်။
မိုးမိတ်သား(စည်သူဌေး)