သတင်းများ

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ပြည်နယ် ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် တွေ့ဆုံမေးမြန်းခန်း
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်တွင် Covid-19 ရောဂါ ကူးစက် ပြန့်ပွားမှုများ မရှိစေရန် ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ခဲ့ရာ ပထမအကြိမ်တွင် (၂၂၄၇၆၆)ဦး၊ ဒုတိယအကြိမ်တွင် (၂၀၂၈၅၅)ဦး ထိုးနှံပြီးစီးခဲ့ ကြောင်း၊ ပထမအကြိမ်ထိုးနှံခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဇွန်လ(၇)ရက်နေ့မှစ၍ ဌာနဆိုင်ရာ ဝန်ထမ်းများ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေးထိုးနှံဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့အထိ (၈၄၃၅) ဦးထိုးနှံပြီး ယခုတတိယလှိုင်းကာလတွင် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇွန်လ(၂၄)ရက်နေ့တွင် ပထမအကြိမ်၊ ဇူလိုင်(၅)ရက်နေ့တွင် ရှမ်းပြည်နယ် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူးဖြင့် ဒုတိယအကြိမ် ပြုလုပ်ခဲ့ပါသည်။
ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ခုနှစ်ဦး ထပ်မံတွေ့ရှိ
Jul 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ယနေ့တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ခုနှစ်ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။
လဟယ်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့လူတစ်ဦးဆေးရုံဆင်းခွင့်ပြု
Jul 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုအုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကိုဗစ် -၁၉ ရောဂါပိုးတွေ့ အမျိုးသားတစ်ဦးသတ်မှတ်ရက်ပြည့်သည့်အတွက် နှာခေါင်းတုံ့ဖတ် ရယူစစ်ဆေး ခဲ့ရာ Negative အဖြေထွက်ရှိသည့်အတွက် ယနေ့ မွန်းလွှဲ (၁၄:၀၀) နာရီအချိန်ခန့်က လဟယ်ပြည်သူ့ ဆေးရုံမှဆေးရုံဆင်းလက်မှတ်ပေးအပ်ကာအိမ်ပြန်ခွင့်ပြုခဲ့ကြောင်းသိရသည်။
မိုင်းဆတ်မြို့၌ လ္ဘက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား ပါဆယ်စနစ်(Take Away)ဖြင့်သာ ရောင်းချရန် ကွင်းဆင်းအသိပေးခြင်းဆောင်ရွက်
Jul 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် လ္ဘက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပါဆယ်စနစ်(Take Away)ဖြင့်သာ ရောင်းချရန် အသိပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီက တာဝန်ရှိသူများ ကွင်းဆင်းအသိပေး ခဲ့ကြောင်းသိရသည်။
ဥတ္တရသီရိမြို့နယ်တွင် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းပို့ချ
Jul 13,2021
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကြီးမှူး၍ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းကို ယနေ့ နံနက်ပိုင်း က တောင်ညိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်ပို့ချခဲ့သည်။
ပင်လုံမြို့တွင် အမျိုးသမီး(၂)ဉီး၌ ကိုဗစ်-၁၉ ရောဂါပိုးထပ်မံစစ်ဆေးတွေ့ရှိ
Jul 13,2021
ပင်လုံမြို့၊ ရပ်ကွက်(၃)တွင် နေထိုင်သူ အသက်(၅၇)နှစ်အရွယ် အမျိုးသမီး(၁)ဉီးနှင့် အသက်(၂၉)နှစ်အရွယ် အမျိုးသမီး(၁)ဉီးတို့ သည် အနံ့မရသဖြင့် ယနေ့နံနက်ပိုင်းက ပင်လုံမြို့ ပြည်သူ့ ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ တာဝန်ရှိသူများက အဆိုပါအမျိုးသမီးတို့တွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာ များတွေ့ ရှိရသဖြင့် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အမျိုးသမီး(၂)ဉီးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး ကျန်မိသားစုဝင် (၁)ဉီးမှာ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိရကြောင်းသိရသည်။
ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၃ ဦးတွေ့ရှိ
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီခွဲခန့်က အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ပင်းတယမြို့နယ် ဆီးကျအင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေး
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆီးကျအင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီ က အဆိုပါကျေးရွာမြစိမ်းရောင်ကော်မတီ ဥက္ကဋ္ဌ အိမ်၌ ကျင်းပပြုလုပ်သည်။