သတင်းများ

တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့်ထိန်းချုပ်ရေး သရုပ်ပြသင်တန်း ပြုလုပ်
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ရည်ရွယ်ကာ ကိုဗစ် - ၁၉ ရောဂါ ကုသရေးနှင့်ထိန်းချုပ်ရေး သရုပ်ပြ သင်တန်းကို နတ်စင်ကုန်း အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပရာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချို တက်ရောက် အဖွင့် အမှာစကား ပြောကြားသည်။
သနပ်ပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့အဝင်အထွက်ဂိတ်များ၌ စစ်ဆေးမှုများပြုလုပ်
Jul 13,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးနိုင်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးတို့အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက် ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အ‌ရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဌာဆိုင်ရာများ၊ လူမှူရေး အသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ နယ်မြေကျော် ခရီးသွား ပြည်သူများအား ‌ခရီးသွားလာခွင့်၊ ကျန်းမာ‌ရေး ပါ/မပါ စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့အဝင်အထွက် ဂိတ်များ၌ စစ်‌ဆေးဆောင်ရွက်လျက်ရှိသည်။
ပင်လောင်းမြို့တွင်း ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်
Jul 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပိုးသတ်ဆေးများဖျန်းခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ဥတ္တရသီရိမြို့နယ်တွင် အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းပို့ချ
Jul 13,2021
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကြီးမှူး၍ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ခေါင်းဆောင်မှုသင်တန်းကို ယနေ့ နံနက်ပိုင်း က တောင်ညိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်ပို့ချခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တည်ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး တည်ဆောက်နေမှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး တည်ဆောက်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့၌ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး တည်ဆောက်နေမှုလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jul 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများသည် ယနေ့နံနက်၉နာရီအချိန်ခန့်က ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ အသိပညာပေးလုပ်ငန်းကို မြို့အဝင်တွင်ဖွင့်လှစ်ထားသည် ကျန်းမာရေးစစ်ဆေးရေး ဂိတ်၌ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
ချင်းရွှေဟော်မြို့၌ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ(၂၉)ဦးထပ်မံတွေ့ရှိ
Jul 13,2021
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့်ထိတွေ့ခဲ့ကြသည့် ပြည်သူများကို လုပ်ထုံးလုပ်နည်း နှင့်အညီ ရွေ့လျားရှာဖွေစနစ် ဖြင့် ကိုဗစ် -၁၉ရောဂါပိုးရှိ/မရှိ Swab နမူနာများရယူ၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ ယနေ့ နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီး(၄)ဦး နှင့် အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသား(၁၆)ဦး၊ အမျိုးသမီး(၉)ဦး၊ စုစုပေါင်း(၂၉)ဦးတို့ထံတွင် ကိုဗစ်-၁၉ရောဂါပိုးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။