ပင်လုံ ဇူလိုင် ၁၃
ပင်လုံမြို့၊ ရပ်ကွက်(၃)တွင် နေထိုင်သူ အသက်(၅၇)နှစ်အရွယ် အမျိုးသမီး(၁)ဉီးနှင့် အသက်(၂၉)နှစ်အရွယ် အမျိုးသမီး(၁)ဉီးတို့ သည် အနံ့မရသဖြင့် ယနေ့နံနက်ပိုင်းက ပင်လုံမြို့ ပြည်သူ့ ဆေးရုံသို့ သွားရောက်ပြသခဲ့ရာ တာဝန်ရှိသူများက အဆိုပါအမျိုးသမီးတို့တွင် ကိုဗစ်-၁၉ ရောဂါလက္ခဏာ များတွေ့ ရှိရသဖြင့် RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အမျိုးသမီး(၂)ဉီးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး ကျန်မိသားစုဝင် (၁)ဉီးမှာ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိရကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ ရှိသူအသက်(၅၇)နှစ် အရွယ်အမျိုးသမီးနှင့်အသက်(၂၉)နှစ်အရွယ် အမျိုး သမီးတို့အား ပင်လုံမြို့ ပြည်သူ့ဆေးရုံကြီး အတွင်းရှိအထူးကြပ်မတ် ကုသဆောင်တွင် သီးသန့်ထားရှိ၍ ဆေးကုသ ပေးလျှက်ရှိပြီး၊ ကျန်မိသားစုဝင်ဖြစ်သောအမျိုးသမီး(၁)ဉီးအား ပင်လုံမြို့နေအိမ်တွင် (Home Quarartine) ထားရှိ၍ အသွားအလာကန့်သတ်ထားရှိကြောင်းနှင့် ၎င်းအမျိုးသမီး(၂)ဉီးနှင့် ထိတွေ့ခဲ့ သူများအားလုံးအသွားအလာ ကန့်သတ် ထားရှိနိုင်ရေးအတွက် အမြန်စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ ၎င်းကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ အမျိုးသမီး(၂)ဉီး သည် လွန်ခဲ့သည့်(၄)ရက်ခန့်က နမ့်စန်မြို့၊ မတ်ကျန်းဒေသ (ပန်လင်းဆိုင် ကျေးရွာ) မှ ပင်လုံမြို့သို့ ပြန်လည်ရောက်ရှိ လာသူဖြစ်ကြောင်း ပင်လုံမြို့ကျန်းမာရေးဌာနနှင့်ပင်လုံမြို့ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေး အထောက်အကူပြု ကော်မတီထံမှသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)