သတင်းများ

ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနရုံး၌ ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ပြည်နယ်အမျိုးသမီးကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 25,2021
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ပြည်နယ်လှုမှုဝန်ထမ်းဦးစီးဌာနရုံး၌ ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ပြည်နယ်အမျိုးသမီးကော်မတီတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရေစကြိုမြို့နယ်တွင် Mask Campaign ပြုလုပ်
Jun 25,2021
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် မြို့နေပြည်သူများ ကိုဗစ် − ၁၉ ရောဂါကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ သွားလာနေထိုင်ရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အသိပညာပေး Mask Campaign ကို ယနေ့နံနက် ၉ နာရီက ရေစကြိုမြို့၊ မြို့မစျေးကြီးအတွင်း၌ ပြုလုပ်သည်။
ညောင်လေးပင်မြို့၌  အိတ်ဖွင့်တင်ဒါပိုက်ချက်များ (တတိယ)အကြိမ် လေလံတင်ရောင်းချ
Jun 25,2021
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု လုပ်ငန်း ရာသီနှစ်အတွက် အိတ်ဖွင့်တင်ဒါပိုက်ချက်များ (တတိယ)အကြိမ် လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ညောင်လေးပင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
သီတဂူဗုဒ္ဓတက္ကသိုလ်တွင် တက်ရောက်မည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဒီပလိုမာတန်းနှင့် ဘီအေတန်းဝင်ခွင့်ရ ကျောင်းသားသစ်စာရင်း ထုတ်ပြန်
Jun 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်တွင် တက်ရောက်မည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဒီပလိုမာတန်းနှင့် ဘီအေတန်းဝင်ခွင့်ရ ကျောင်းသားသစ်များအား ယနေ့တွင် ထုတ်ပြန်ကြောင်းသိရသည်။
သံတောင်ကြီးမြို့နယ် ဗဟုန်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP)စီမံကိန်း ဖွင့်ပွဲအခမ်းအနား ဆောင်ရွက်
Jun 25,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး (VDP) စီမံကိန်းဖြင့် ကျေးရွာ(၂၁)ရွာအား နိုင်ငံတော်ထောက်ပံ့ငွေ ကျပ်သိန်းတစ်ရာဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဌက်ပျောတောကျေးရွာအုပ်စု၊ ဗဟုန်းကျေးရွာတွင် ရေကန်တည်ဆောက်ခြင်းနှင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်း က ဗဟုန်းကျေးရွာဘုရားကျောင်း ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၌ စားသောက်ဆိုင်များကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချမှုအား ကွင်းဆင်းစစ်ဆေး
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဆိုင်ထိုင်စနစ်ဖြင့် ဖွင့်လှစ်ရောင်းချ လျက်ရှိသည့် စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များအား ကျန်းမားရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ  ဖွင့်လှစ် ရောင်းချနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့်  မြို့နယ် စည်ပင်သာယာရေးအဖွဲ့မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက   ကွင်းဆင်း စစ်ဆေးခဲ့သည်။
မင်းလှမြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့
Jun 25,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား များအား နိုင်ငံတော်မှ လူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂ဝ-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒုတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ ‌‌မွန်းတည့်(၁၂)နာရီမှစတင်၍ အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲများအကြောင်း အသိပညာပေး ဆွေးနွေး
Jun 25,2021
ကမ္ဘာအဝှမ်းဖြစ်ပွားလျက်ရှိသည့် ကိုဗစ်၁၉ရောဂါနှင့် ပတ်သက်၍ ဗီဇပြောင်းမျိုးကွဲများအကြောင်း သိကောင်းစရာအသိပညာပေး ဆွေးနွေးပွဲတစ်ရပ် ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းခရိုင်၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။