အထက်မင်းလှ ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား များအား နိုင်ငံတော်မှ လူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂ဝ-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒုတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ မွန်းတည့်(၁၂)နာရီမှစတင်၍ အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ဒုတိယသုံးလပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) လများအတွက် အဘိုးအဘွားတစ်ဦးလျှင် လူမှုရေးပင်စင် (၃၀၀၀၀/-) ကျပ်နှုန်းဖြင့် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား (၇၉၀) ဦးအတွက် စုစုပေါင်းငွေကျပ် (၂၃၇၀၀၀၀ဝိ/-) အား မင်းလှမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများ၊ စာရေးဝန်ထမ်းများက အဘိုးအဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)