ကိုဗစ်၁၉ရောဂါ ဗီဇပြောင်းမျိုးကွဲများအကြောင်း အသိပညာပေး ဆွေးနွေး

 

ကော့သောင်း၊ ဇွန်၂၅

           

ကမ္ဘာအဝှမ်းဖြစ်ပွားလျက်ရှိသည့် ကိုဗစ်၁၉ရောဂါနှင့် ပတ်သက်၍ ဗီဇပြောင်းမျိုးကွဲများအကြောင်း သိကောင်းစရာအသိပညာပေး ဆွေးနွေးပွဲတစ်ရပ် ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းခရိုင်၊ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးအောင်က အဖွင့်ပြောကြားပြီး ကော့သောင်းခရိုင်၊ ဆေးရုံအုပ်ကြီးဒေါက်တာလင်းထိုက်က ကမ္ဘာနိုင်ငံအချို့တွင် ကူးစက် ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်၁၉ရောဂါဖြစ်ပွားစေသည့် ဗိုင်းရပ်စ်မျိုးကွဲများနှင့် ပတ်သက်၍ ရောဂါကူးစက် ခံရပါက ဖြစ်ပေါ်လာနိုင်သည့် ရောဂါလက္ခဏာများ၊ ရောဂါကူးစက်မှုခံရပါက ဖြစ်ပွားလာနိုင်သည့်နောက် ဆက်တွဲဆိုးကျိုးများ၊ ကူးစက်မှုမခံရရေး သတိပြုဆင်ချင်ရမည့် နည်းလမ်းများ၊ ကြိုတင်ကာကွယ်ရမည့်နည်း လမ်းများအား အသိပညာပေး ဆွေးနွေးသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကော့သောင်းခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးအောင် ခရိုင်ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ ခရိုင်မိသားစည်း ရုံးရေးကော်မတီနှင့် မိသားစုစည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဌနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ ကြောင်းသိရသည်။

ကျော်စိုး