သတင်းများ

နာဂဒေသ၊ လဟယ်မြို့တွင် ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွန်ချက် များရှင်းလင်း
Jun 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွန်ချက်ဖြင့် အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနမှ ဆောင်ရွက်သည့် မြန်မာနိုင်ငံသားများအား ဉပဒေနှင့်အညီ ကိုင်ဆောင်သင့်သောကတ်များ ထုတ်ပေးရေး ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ လုပ်ငန်းလမ်းညွန်ချက်နှင့်အညီ လုပ်ငန်းဆောင်ရွက်မည့် အခြေ အနေများကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးရေးအဖွဲ့နှင့် လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံသို့ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီခွဲအချိန်က နာဂဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သုံးခွမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 25,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိပြီး ရှောင်ရှားနိုင်စေရန်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းဖြင့် ရရှိလာမည့် ဆိုးကျိုးများအ‌ကြောင်းကို အသိပညာဗဟုသုတများ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ယနေ့ နံနက်(၈)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သုံးခွမြို့နယ် ရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းများ၊ ပြည်သူများနှင့် စာဖတ်ပရိသတ်များ လက်ဝယ်အရောက် အခမဲ့သွားရောက်ဖြန့်ဝေ ပေးခဲ့ သည်။
တွံတေး၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ပြသခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေ
Jun 25,2021
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ ရရှိစေရန်အတွက် ယနေ့ နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း တွင် ပြသထားကြောင်း သိရသည်။
ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်ပညာပေး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Jun 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ကျောင်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ်ကို ရှောင်ကြဉ်နိုင်စေရေးအတွက် ဇွန်လ(၂၅)ရက် နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို အထက(၁)မြိတ်မှ ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့သည်။
မိုးမိတ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဈေးတို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် မူးယစ်ဆေးဝါးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Jun 25,2021
 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ မြို့ပေါ်အခြေခံပညာကျောင်းများ၊ လူစည်ကားရာနေရာများတွင် ယနေ့နံနက် ၁၀ နာရီ(၃၀)မိနစ် အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်အား ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။
ပြည်မြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့အထိမ်းအမှတ် အသိပညာပေး "သတင်းစကား" လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 25,2021
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် ၂၀၂၁ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်‌ရေးနေ့ အထိမ်းအမှတ် အသိပညာပေး "သတင်းစကား" လက်ကမ်းစာစောင် များကို ယနေ့ နံနက်ပိုင်းတွင် ပြည်မြို့ အ.ထ.က(၅) ကျောင်းရှေ့၌ ပြည်ခရိုင်ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီနိုင်ရေးအတွက် နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၈ နာရီက ရန်ကုန်-ပြည်ကားလမ်း မီးပွိုင့်လမ်းဆုံနှင့် မြို့မဈေးအတွင်း/အပြင် လူစည်ကားရာနေရာများတွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။