ကျွန်းလှ ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သီတဂူဗုဒ္ဓတက္ကသိုလ်တွင် တက်ရောက်မည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဒီပလိုမာတန်းနှင့် ဘီအေတန်းဝင်ခွင့်ရ ကျောင်းသားသစ်များအား ယနေ့တွင် ထုတ်ပြန်ကြောင်းသိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်မည့် ကျောင်းသားသစ် ဒီပလိုမာတန်း (၄၄)ပါး၊ ဘီအေတန်း(၄)ပါး၊ စုစုပေါင်း(၄၈)ပါးဖြစ်ကြောင်း၊ ကျောင်းသားသစ်များအနေ ဖြင့်၂၀၂၁ခုနှစ်၊ ဇွန်လ(၂၈)ရက်မှ ဇူလိုင်လ(၁)ရက်နေ့အတွင်း သီတဂူဗုဒ္ဓတက္ကသိုလ်သို့ အရောက်လာရ မည်ဖြစ်ကြောင်း သီတဂူသတင်းပြန်ကြားရေးအဖွဲ့မှသိရသည်။
အဆိုပါ သီတဂူဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ)ကို ၂၀၁၇ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ကြောင်း၊၂၀၂၁-၂၀၂၂ ပညာသင်နှစ် ၊ဒီပလိုမာတန်း၊ ဘီအေတန်းများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဇူလိုင်လ(၂)ရက်နေ့ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
မျိုးဝင်းညို (ကျွန်းလှ)