သတင်းများ

ကော့သောင်းမြို့တွင် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်
Dec 20,2021
(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီစာအုပ်ပြပွဲ နှင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 20,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းကလည်း အမှတ်(၃)ရပ်ကွက်၊ ဓမ္မာရုံတွင် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ရပ်ကွက်နေပြည်သူများအား ပထမအကြိမ်မြောက် ကာကွယ်ဆေးကိုဆက်လက်၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ဝါးခယ်မမြို့နယ်မြို့မဈေးကြီးတွင်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စည်ပင်သာယာ‌မြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား Online မှတစ်ဆင့် ဝန်ဆောင်မှုပေးလျက်ရှိ
Dec 20,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက မိဘပြည်သူများ လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူကလေး သူငယ် များအား အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး စာဖတ်သော အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေပြီး စာဖတ်ရှိန် မြင့်မားလာစေရေးအတွက် အစဉ်အမြဲကြိုးစားဆောင်ရွက်ပြီး အများပြည်သူများအား ကွင်းဆင်း၍လည်းကောင်း Online မှတစ်ဆင့် လည်းကောင်း ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။
ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အနာဂတ်ကို မျှော်တွေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက နတ်သျှင်(ရွှေဂူ) ရေးသားသည့် အနာဂတ်ကို မျှော်တွေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ကလိန်အောင်မြို့ မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်  ဦးတည်ချက် (၉) ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ ပြသ‌ခြင်း ဆောင်ရွက်
Dec 20,2021
ထားဝယ်ခရိုင် ကလိန်အောင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက် နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ် စာစောင်များကို လစဉ်အသစ်လဲလှယ်ပြသ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က
ဟားခါးမြို့တွင် နိုဝင်ဘာ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခဲ့သည့် ‌အသက် ၁၃ နှစ်နှင့်အထက် ကျောင်းသား‌၊ ကျောင်းသူများအား ဒီဇင်ဘာလ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမည်
Dec 20,2021
ဟားခါးမြို့တွင် နိုဝင်ဘာ ၂၃ ရက်မှ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခဲ့သည့် ‌အသက် ၁၃ နှစ် နှင့်အထက် ကျောင်းသား‌၊ ကျောင်းသူများအား ဒီဇင်ဘာလ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံ‌ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါပိုး ကြိုတင်ကာကွယ်ရေး ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်
Dec 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး၊ ရောဂါကွင်းဆက် ဖြတ်တောက်နိုင်ရေးအတွက် ဒေသနေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက နေ့စဉ်အရှိန်အဟုန်မပြတ် အသိပညာပေး နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။