ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား Online မှတစ်ဆင့် ဝန်ဆောင်မှုပေးလျက်ရှိ

ကြာအင်းဆိပ်ကြီး ဒီဇင်ဘာ ၂၀

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက မိဘပြည်သူများ လူငယ်လူရွယ်များနှင့် ကျောင်းသား၊ ကျောင်းသူကလေး သူငယ် များအား အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး စာဖတ်သော အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေပြီး စာဖတ်ရှိန် မြင့်မားလာစေရေးအတွက် အစဉ်အမြဲကြိုးစားဆောင်ရွက်ပြီး အများပြည်သူများအား ကွင်းဆင်း၍လည်းကောင်း Online မှတစ်ဆင့် လည်းကောင်း ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။

ထို့သို့ အများပြည်သူများအား ဝန်ဆောင်မှုလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိ၌ ယနေ့နေ့လယ်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကလေးသူငယ် များအား ကြည့်ရှုနားထောင်နိုင်ဖို့အတွက် ပုံပြင်ဖတ် ပြောကြားခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီး  ပြည်သူများ အနေဖြင့် IPRD kyair inn seikkyi facebook page စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

မျိုးမင်းဦး