ထန်းတပင် ဒီဇင်ဘာလ ၂၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းကလည်း အမှတ်(၃)ရပ်ကွက်၊ ဓမ္မာရုံတွင် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ရပ်ကွက်နေပြည်သူများအား ပထမအကြိမ်မြောက် ကာကွယ်ဆေးကိုဆက်လက်၍ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင်လည်း ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး လမ်းညွှန်ချက် များနှင့်အညီ ကာကွယ်ဆေးကို ရပ်ကွက်နေပြည်သူများအား ထိုးနှံပေးလျက်ရှိပြီး အမှတ်(၃)ရပ်ကွက်၊ ဓမ္မာရုံတွင် ဒုတိယ အကြိမ်မြောက် ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ရပ်ကွက်နေပြည်သူ(၇၈)ဦးရှိသလို ပထမအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ရပ်ကွက်နေ ပြည်သူ (၉၆)ဦး ထိရှိကြောင်းလည်းသိရသည်။
ထန်းတပင်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို သတ်မှတ်စုရပ်နေရာ များအလိုက် ဦးတည်အုပ်စုများခွဲ၍ ကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံနေမှုများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ဆောင်ရွက်မှုများဖြင့် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်