ပန်းတနော် ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက နတ်သျှင်(ရွှေဂူ) ရေးသားသည့် အနာဂတ်ကို မျှော်တွေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်သီတာခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး (Woman Club) အသင်းဥက္ကဋ္ဌဒေါ်ကြည်မာဝေက အနာဂတ်ကို မျှော်တွေးပါ ခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးပြောကြားခဲ့ကာ (Youth Club) အသင်းဥက္ကဋ္ဌဦးမောင်မောင်စောနှင့် အဖွဲ့ဝင်များက လူငယ်တို့အတွက် ပြင်ပစာသင်ခန်း၊ စံပြလူသားဖြစ်ဖို့လိုပြီ၊ ဗီဇအကျင့်ဆိုးကိုတားဆီးပေးပါ၊ ကိုယ်ချင်း စာစိတ်လေးရှိစေချင် စသည့်အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။