ကော့သောင်းမြို့တွင် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုအထိမ်းအမှတ် စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်

ကော့သောင်း ဒီဇင်ဘာ ၂၀

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ်  ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီစာအုပ်ပြပွဲ နှင့်စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

စာအုပ်ပြပွဲသို့ လာရောက်လေ့လာကြသည့် ကျောင်းသူ၊ ကျောင်းသား ကလေးများအား လွတ်လပ်ရေး၏ တန်ဖိုးနှင့် လွတ်လပ်ရေး အား အစဉ်ထိန်းသိမ်းတတ်လာစေရေး၊ လွတ်လပ်ရေး ကြိုးပမ်းမှုဖြစ်စဉ်များနှင့် အခြားဗဟုသုတ ဖြစ်ဖွယ်စာအုပ်စာပေများ ခင်းကျင်းပြသပေးထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ ထိုအပြင် စာဖတ်ခြင်း အလေ့အထ ရှင်သန်ထက်မြက်လာရေး၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရေးနှင့် စာပေမှအသိပညာ ဗဟုသုတများ ရှာမှီး တတ်လာစေရေး ရည်ရွယ်ကာ ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား စာဖတ်ဝိုင်း ပြုလုပ်ပေးခြင်း၊  စာကြည့်တိုက် အသင်းဝင်ကတ်များ ထုတ်ပေးခြင်းနှင့် စာအုပ်စာပေများ ငှားရမ်းပေး ခြင်း လုပ်ငန်းများ ဆောင်ရွက်ကြခဲ့ကြောင်း သတင်း ရရှိသည်။

ကျော်စိုး (ကော့သောင်း)