ဝါးခယ်မမြို့နယ်မြို့မဈေးကြီးတွင်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ဝါးခယ်မ ဒီဇင်ဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စည်ပင်သာယာမြို့မဈေးကြီးတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီး သတ်ဦးစီးမှူး ဦးလှိုင်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးနှင့် စည်ပင်သာယာဝန်ထမ်းများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့် ၍ လက်တွေ့သရုပ်ပြသကာ အသိပညာပေး ဆောင်ရွက်ခဲ့ရာ ဈေးသူ/သားများနှင့် ပြည်သူများက လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် နွေရာသီသို့ရောက်ရှိ လာပြီဖြစ်၍ ပြည်သူများအနေ ဖြင့် မီးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်မှုများကို အလေးထား လိုက်နာဆောင်ရွက်စေရန်နှင့် မီးပေါ့ဆစွာ သုံးစွဲခြင်းမှ ရှောင်ကြဉ်တတ်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

စောသန္တာဦး