ကလိန်အောင် ဒီဇင်ဘာ ၂၀
ထားဝယ်ခရိုင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက် နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ် စာစောင်များကို လစဉ်အသစ်လဲလှယ်ပြသ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၉ နာရီ အချိန်ခန့်က ကလိန်အောင်မြို့ ဒေသ ခံပြည်သူများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ်ချမှတ်၍ အကောင်အထည်အဖော် ဆောင်ရွက်နေမှုများအား အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပြီး အကျယ်တဝင့်သိရှိစေရန်အတွက် ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများပါဝင်သည့် ဗီနိုင်းပိုစတာ ကိုပြသဆောင်ရွက်ခဲ့သည်။
အဆိုပါ မြေစိုက်နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာနှင့် ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများ အပါအဝင် ဗီနိုင်းပိုစတာများကို ပြသထားရာ ဒေသခံ ပြည်သူများက စိတ်ဝင်စားစွာလာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်