သတင်းများ

ဘောဂလိမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်ချက်များအား လိုက်လံအသိပေးနှိုးဆော်
Dec 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ မြန်မာဘာသာ၊ စကောကရင်ဘာသာ နှစ်မျိုးဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့၌ အများပြည်သူများအား ကိုဗစ်-၁၉ မျိုးဗီဇသစ် ရောဂါ အိုမီခရွန်(omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Dec 20,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး အိုမီခရွန် (Omicron) ကို သတိပြုအ‌လေးနက်ထား ကြိုတင် ကာကွယ်နိုင်စေရေးအတွက် ယနေ့ နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွား ရောက်ပြီး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ပုလောမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး
Dec 20,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပုလောမြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက ကျောက္ကာကျေးရွာ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ‌ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Dec 20,2021
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရ ကိုင်ဆောင်သင့် သည့် လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းကို ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အမှတ်(၄) ရပ်ကွက် အခြေခံပညာ မူလတန်း ကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအက အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးခြင်းများနှင့် အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်
Dec 20,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပွား စေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အဦများ၊ စက်ရုံ၊ အလုပ်ရုံများနှင့် စက်သုံဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီက “ဇော်” စက်သုံးဆီ အရောင်းဆိုင်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စစ်ဆေးခဲ့ပြီး ပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် Myanmar Fitness Dance အကဖြင့် ကိုယ်လက်လှုပ်ရှားအားကစားခြင်းများ ဆောင်ရွက်
Dec 20,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် ကိုယ်ခံအား ကောင်းမွန်စေရန်အတွက် ယမန်နေ့မွန်းလွဲ(၁)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် Myanmar Fitness Dance အကဖြင့် ကိုယ်လက်လှုပ်ရှားအားကစားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Dec 20,2021
ပြင်ဦးလွင် ဒီဇင်ဘာ ၂၀မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်‌ဆေးများထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီမှ စတင်ပြီး ရပ်ကွက်ကြီး (၁) ရှိ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နေရာ အသီးသီးတို့တွင် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။
အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Dec 20,2021
၂၀၂၁ ခုနှစ် ကရင်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရိုးရာလှေလှော် ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ပွဲများ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမရှေ့ ကန်သာယာ၌ ကျင်းပရာ အမျိုးသား/အမျိုးသမီး ၅ တက်လှော်ပြိုင်ပွဲ၊ ၃ တက်လှော်ပြိုင်ပွဲနှင့် တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်း ကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များ တက်ရောက် အားပေး ကြည့်ရှုခဲ့ကြသည်။