သတင်းများ

မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု (၃) အုပ်စုမှ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်
Dec 21,2021
မောင်တောခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းအောင်၊ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန်နှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်း ၁၁ နာရီအချိန် က ပန်းခင်းစီမံချက်ဖြင့် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု (၃)အုပ်စုမှ ကျေးရွာ(၄)ရွာရှိ ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို တောင်ပြိုလက်ဝဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်ယမုံနာ (၂)ရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Dec 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီအရာရှိ ဦးမိုးကျော်သူညွန့်နှင့် ဝန်ထမ်း များသည် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်များအတွင်းသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရးကတ်ပြားများကို ပြုလုပ်ဆောင်ရွက်ပေးကြောင်းသိရသည်။
ခမောက်ကြီးမြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြင့် အခမ်းအနားပြုလုပ်ရန် ညှိနှိုင်း အစည်းဝေးပြုလုပ်
Dec 21,2021
၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျောင်းသားအားကစားပြိုင်ပွဲများ၊ ရပ်ကွက်ကျေးရွာပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရန် နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်ရန် အတွက်ညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို ယနေ့နေ့လယ်ပိုင်းက အခြေခံပညာအထက်တန်း ကျောင်း တွင် ပြုလုပ်ခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဖော်ဆောင်မှု မှတ်တမ်းဓာတ်ပုံများအား ပြသဆောင်ရွက်
Dec 21,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်နှင့် ဦးတည်ချက်(၉)ရပ် မှတ်တမ်းဓာတ်ပုံများကို ပြသထားကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် အသက်(၁၈)နှစ်အထက်နှင့်(၄၀)နှစ်အထိ ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိ
Dec 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ကျောက်တံတားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးဦးတည်အုပ်စုအလိုက် စနစ်တကျထိုးနှံပေး လျက်ရှိရာ ယနေ့တွင် အသက်(၁၈)နှစ်အထက်နှင့်(၄၀)နှစ်အထိ ရှိသူများအား ကာကွယ်ဆေးထိုးစုရပ်ဖြစ်သည့် အမှတ်(၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ၃၅လမ်းထိပ်(ယခင်ထွေ/ အုပ်ရုံးဟောင်းရှေ့)တွင် နံနက်(၁ဝး၀၀)နာရီအချိန်မှ (၁၃း၀၀)နာရီထိSinopharm (5 Dose)Second Dose ကို ထိုးနှံ သူ(၂၁၀)ဦးနှင့်(Phase 5)Sinovac (2 Dose) First Doseကိုထိုးနှံသူ(၈၂)ဦး စုစုပေါင်း(၂၉၂)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်​ဆေးဆက်လက် ထိုးနှံပေး
Dec 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားလှိုင်မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ ယောဂီကျောင်းလမ်း၊ သိပ္ပံပစ္စည်း စက်ရုံ၀န်းရှိ ကိုဗစ်-၁၉ ကုသရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ယနေ့နံနက် (၉)နာရီ အချိန် တွင်ရပ်ကွက် (၁၆) ရပ်ကွက်ရှိအသက်(၁၈)နှစ်နှင့်အထက် ပြည်သူများပထမအကြိမ် စုစုပေါင်း (၄၀၇)ဦးနှင့် ဒုတိယအကြိမ်စုစုပေါင်း (၁၅၉)ဦးအားထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့ စက်မှုလယ်ယာဦးစီးဌာန၌ စပါးအခြောက်ခံစက်ဖြင့် သရုပ်ပြပွဲကျင်းပ
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၉) စက်မှုလယ်ယာစခန်း ၌ စပါးအခြောက်ခံစက် သရုပ်ပြပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က ကျင်းပခဲ့သည်။
ရေတာရှည်မြို့နယ်၌ သက်ငယ်မုဒိမ်းမှုအ​ကြောင်း အသိပညာ​ပေး ဟော​ပြောပွဲ ကျင်းပ
Dec 21,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အမျိုးသမီး​ရေးရာအဖွဲ့နှင့် မြို့နယ် ရဲတပ်ဖွဲ့တို့ ပူး​ပေါင်း၍ ယနေ့နံနက်ပိုင်းက သက်ငယ်မုဒိမ်းမှုအ​ကြောင်း အသိပညာ​ပေး ဟောပြောပွဲကို အထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ခဲ့သည်။