ခမောက်ကြီး ဒီဇင်ဘာ ၂၂
၂၀၂၂ခုနှစ်၊ဇန်နဝါရီလ (၄)ရက်နေ့တွင်ကျရောက်မည့် (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲများအား ကျင်းပပြုလုပ်လျက်ရှိသည်။
အဆိုပါ ဘောလုံးအားကစားပြိုင်ပွဲကို အထကခမောက်ကြီးကျောင်း ဘောလုံးကွင်း၌ ဒီဇင်ဘာလ ၁၆ရက်နေ့မှစ၍ (၁)ရက်လျှင် ပွဲစဉ် နှစ်ခုဖြင့် ခမောက်ကြီးမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးမှဘောလုံး အသင်း(၁၂)သင်းမှ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ သည်။ ထိုသို့ ပွဲစဉ်များအသီးသီး ယှဉ်ပြိုင်ကစား၍ နောက်ဆုံးကျန်ရှိသည့် ဗိုလ်လုပွဲ ပွဲစဉ်ကို (၂၀၂၂)ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အားကစားပြိုင်ပွဲ အသီးသီးအတွက် ဆုပေးပွဲအခမ်းအနားကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် သွားမည် ဖြစ်ကြောင်းသိရသည်။
ရူပါမြင့်(ခမောက်ကြီး)