မြောက်ဦးမြို့၌ ရဟန်းရှင် လူပြည်သူများအား (Sinopharm) COVID-19 ကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံ

မြောက်ဦး  ဩဂုတ် ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသက်(၆၅)နှစ်ထက် သက်ကြီးရွယ်အိုများ ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်း အစည်းအဝေးခန်းမရှိ သတ်မှတ်စုရပ်နေရာတွင် လတ်တလော အသက်ရှုလမ်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီမှ ၁၂ ထိ လည်းကောင်း၊ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအချိန်ထိနှစ်ပိုင်းခွဲကာ  ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျှက် ရှိကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ်((Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ အသက်(၆၅)နှစ်ထက် သက်ကြီးရွယ်အိုများ၊ ဆရာတော် အရှင်သူမြတ်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ စေတနာ့ဝန်ထမ်း Volunteer များ၊ တည်းခိုခန်းပိုင်ရှင်များ၊ ဈေးရောင်းဖွင့်လှစ် ရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် အဆိုပါကူးစက်ရောဂါကြောင့် သေဆုံးမှုနှုန်း လျော့ချနိုင်ရန်၊ ကိုဗစ်-၁၉ ကူးပြန့်ပွားမှအား ကာကွယ်တားဆီးနိုင် ရန်နှင့်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးထိခိုက်မှုကိုလျော့ချနိုင်ရေးအတွက် အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) ဆေးအား ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျှက်ရှိသည်။

ထို့နောက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများက (Sinopharm)ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက် ဆေးထိုးနှံ ကြသူများအား ကာကွယ်ဆေးမထိုးနှံမီ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေ အထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် (Sinopharm) ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးနှံပေးလျှက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့်အနားယူစေခြင်းများ အား စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပြီး ယနေ့ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းအဖြစ် ရဟန်းရှင်လူ ပြည်သူစုစုပေါင်း (၂၁၀)ဦး ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်မောင်ထွန်း