ပခုက္ကူ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရပ်ကွက်များအတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး(Sinopharn) ပထမအကြိမ် ထိုးနှံပြီးသူများအား ယနေ့ နံနက် ၉နာရီအချိန်တွင် ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးမည့်သူများအား ပခုက္ကူမြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမိုးကျော်သူနှင့်ကော်မတီဝင်များက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသောလမ်းညွှန် ချက်များနှင့်အညီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း Maskများ စနစ်တကျတပ်ဆင်စေခြင်း၊ စနစ်တကျ မှတ်ပုံတင် ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ကြပြီး မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ဆရာဝန် ဒေါက်တာ ကျော်ကျော်သက်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဆရာဝန်/မ(၇)ဦးတို့က အသက်(၆၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းများနှင့် ဦးစားပေးအုပ်စု အလိုက်ပါဝင်သော ပြည်သူများ (၂၈၄)ဦးတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharn) ဒုတိယအကြိမ် ဆက်လက ်ထိုးနှံပေးကြကြောင်း သိရသည်။
ထို့အပြင် ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး မိုဘိုင်းကိုဗစ်ပိုးစစ်ဆေးရေးယာဉ်ဖြင့် ပြည်သူ့ကျန်းမာရေး နှင့်ကုသရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းနှစ်ဦး၊ ကျေးလက် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးနှင့်စေတနာ့ဝန်ထမ်းများစုပေါင်းပြီး မြို့နယ်အတွင်းရှိ ကမ္မမြို့၊ အမှတ်(၃)ရပ်ကွက်မှ (၁၃)ဦး၊ကျထိုးအုပ်စု၊ အုန်းတော ကျေး ရွာမှ(၁၀)ဦး၊ ရေလာအုပ်စု၊ ရေလာလေးကျေးရွာမှ(၇)ဦး၊ ညောင်ဂျစ်ပင်ကျေးရွာမှ (၁၃)ဦး စုစုပေါင်းကျေးလက် ပြည်သူ(၄၃) ဦးတို့အား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ အခမဲ့ကွင်းဆင်းစစ်ဆေးကြရာ ကိုဗစ်ပိုးတွေ့ အတည်ပြု လူနာ နှစ်ဦးတွေ့ရှိကြောင်းသိရသည်။
ဘာမီသာ(မဟာဝိဇ္ဇာ)