မင်းလှမြို့၌ အောက်ဆီဂျင်စက်ရုံ အဆောက်အအုံ တည်ဆောက်လျက်ရှိ

အထက်မင်းလှ      စက်တင်ဘာ  ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ဆေးရုံဝန်းအတွင်း၌ အောက်ဆီဂျင်စက်ရုံအ ဆောက်အအုံ တည်ဆောက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ လူနာများမှ အောက်ဆီဂျင် ပေးရန်လိုအပ်သည့် လူနာများ အောက်ဆီဂျင်လုံလောက်မှုရှိစေရန်အတွက် မြို့နယ်အတွင်းရှိ ကျောင်းတိုက် အသီးသီးနှင့် ရပ်ကွက်/  ကျေးရွာများမှ ဆရာတော်၊ သံဃာတော်များ၊ အလှူရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စက်ရုံ၊ အလုပ်ရုံများမှ ဝန်ထမ်းများက အောက်ဆီစက်ဝယ်ယူနိုင်ရေး အလှူငွေများ လှူဒါန်းသည့်အတွက် မင်းလှမြို့၌  အောက်ဆီဂျင်စက်ရုံအဆောက်အအုံ အလျား ၄၈ ပေရှိ ၊ အနံ ၂၄ ပေအား ဩဂုတ်လ ၂၂ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ရာ ယနေ့အထိ ၃၀ ရာခိုင်နှုန်း ဆာက်လုပ်ပြီးစီးပြီဖြစ်၍ အောက်တိုဘာလတွင် အပြီးဆောက်လုပ်နိုင်မည်ဖြစ်ပြီး စက်ရုံတည် ဆောက်ခြင်းအတွက် ခန့်မှန်းကုန်ကျ ငွေကျပ် ၁၅၆ သိန်း ခန့်ကုန်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံတည် ဆောက်ပြီးစီးပါက တစ်ရက်လျှင် ၄၀ လီတာအောက်ဆီဂျင်အိုး အလုံးရေ ၈၀ ခန့်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ကိုဗစ်-၁၉ လူနာများနှင့် အခြားကျန်းမာရေး မကောင်းသည့် လူနာများအတွက် အောက်ဆီဂျင်များဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ မြို့နယ် အောက်ဆီဂျင် စက်ရုံတည်ဆောက်ရေးကြီးကြပ်မှု ကော်မတီထံမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)