ပဲခူး ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်နှုန်းမြင့်မားလျက် ရှိရာ ဇူလိုင်လ (၇)ရက်နေ့အထိ ရောဂါရှာဖွေတွေ့ရှိသူ ဓာတ်ခွဲ အတည်ပြုလူနာ (၁၁၈)ဦး တွေ့ရှိ ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက် အရ သိရှိရသည်။
မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ် အတည်ပြုလူနာများကို သက်ဆိုင် ရာဆေးရုံ စင် တာများတွင်ထားရှိကာ မြို့နယ်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။
ပဲခူးမြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှုများ မဖြစ်စေရန်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများက ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မျိုးငြိမ်း