ညောင်ရွှေ ဇူလိုင် ၈
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ပေါ်ရှိ စားသောက်ဆိုင်များအား လတ်တလောကူးစက်ဖြစ်ပွား လျှက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေး ဖြစ်ပေါ်စေနိုင်သည့် ဆိုင်ထိုင်စားသောက်မှုစနစ်ဖြင့် ဖွင့်လှစ်ရောင်းချခြင်းမပြုဘဲ ကျန်းမာရေးဌာနမှ သတ်မှတ်ပြဌာန်းထားသည့် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ (Take Way) ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရန် သက်ဆိုင်ရာမှ ညွှန်ကြားထားကြောင်း သိရသည်။
ထို့အတူ မြို့နယ်အတွင်းရှိ နန်းပန်မြို့ဈေးအပါအဝင် (၅)ရက်တစ်ကြိမ် (ဈေးနေ့စ်ဖြင့်) ဖွင့်လှစ်ခင်းကျင်းလျှက်ရှိသော ကျေးလက်ဈေးများဖြစ်သည့် မိုင်းသောက်ကျေးလက်ဈေး၊ ခေါင်တိုင် ကျေးလက်ဈေး၊ သန်းတောင်ကျေးလက်ဈေး၊ အင်းတိန်ကျေးလက်ဈေး၊ စံကားကျေးလက်ဈေး၊ ကျောက်တိုင်ကျေးလက်ဈေး၊ တောင်တိုကျေးလက်ဈေး၊ မှောဘီကျေးလက်ဈေးနှင့် လုံကန်ကျေး လက်ဈေးများအား (၈-၇-၂၀၂၁)ရက်နေ့မှစတင်၍ (၁၄)ရက် ယာယီပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။
စိုင်းအယ်ဘဲ