သီပေါမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်းပေး

သီပေါ    ဩဂုတ်    ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် နယ်စည်းမခြား ပရဟိတအသင်း ဦးဆောင်၍  စေတနာရှင်အလှူရှင်ပြည်သူများ စုပေါင်းလှူဒါန်းသည့် အခြေခံစားသောက်ကုန် ပစ္စည်း(၈)မျိုးအား ကိုဗစ်-၁၉ကာလ အခက်အခဲရှိသော မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ယနေ့နံနက်ပိုင်းက သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆောင်ရွက်၍ တစ်အိမ်ထောင်လျှင် ဆန်၊ ဆီ၊ ဆား၊ အချိုမှုန့်၊ အားလူး၊ ကြက်သွန်နီ၊ ကြက်ဥ ၊ ခရမ်းချဉ်သီး စသည့် အခြေခံစားသောက်ကုန်(၈)မျိုးကို ရပ်ကွက်များအလိုက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း  သိရသည်။

ယနေ့နံနက်ပိုင်းအထိ လှူဒါန်းပေးခဲ့ရာတွင် မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက် အတွင်းရှိ အိမ်ထောင်စုပေါင်း (၁၂၀၀) စုခန့်ကို လှူဒါန်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ဆက်လက်၍ ကျန်ရှိ နေသော မြို့နယ်အတွင်းကျေးရွာများရှိ အခြေခံလူတန်းစားအိမ်ထောင်စုများအား လှူဒါန်းပေး သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ  တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ခင်လေး(ပြန်/ဆက်)