ပလောက်မြို့၊မြို့ပေါ်ရပ်ကွက်များတွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး နည်းလမ်းများအား နှိုးဆော်

ပလောက် ဩဂုတ်  ၂၃

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပလောက်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၇)နာရီခွဲ အချိန်ခန့်က Hand  Speaker ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ အသိပညာ ပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

             အဆိုပါ နှိုးဆော်ချက်များကို  ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန် ၊ သက်ကြီးရွယ်အိုနှင့်  နာတာရှည်ရောဂါဝေဒနာသည်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်း ဂရု ပြုရန်၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကို ဆပ်ပြာနှင့်စက္ကန့် (၂၀) ကြာ မကြာခဏ စနစ်တကျဆေးကြောရန် ၊ လူစုလူဝေး ရှောင်ရှား ကြရန်၊ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူကြရန် စသည့်  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ အချက်များကို နည်းလမ်းများကို Hand  Speaker ဖြင့် စဉ်ဆက်မပြတ် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ဒေါ်နှင်းမြူလွင်