ထီးချိုင့် ဩဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ယနေ့နံနက် (၆:၃၀)အချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် ၆၈၁ စင်တီမီတာသို့ ရောက်ရှိနေပြီး ထီးချိုင့်မြို့ စိုးရိမ်ရေမှတ် ၇၄၀ စင်တီမီတာသို့ ရောက်ရှိရန် (၅၉)စင်တီမီတာ လိုသေးကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှု အခြေအနေ၊ မြစ်ရေကျမှု အခြေအနေများအား နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိပြီး မြစ်ကမ်းဘေး အနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် ရေဘေးကိုအထူးသတိပြုနေထိုင်ကြရန်၊ ကျွဲ/နွားများအား ကြိုတင်ရွှေ့ပြောင်း ထားသင့်ပါ ကြောင်းနှင့် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ထီးချိုင့်မြို့နယ်မီးသတ်ဦးစီးဌာန ဖုန်း -075-60661 သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း အသိပေးနှိုးဆော်ထားပါသည်။
ရဲလင်းထွန်း(ထီးချိုင့်)