သီပေါမြို့နယ်တွင် ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ Call Center များဖွင့်လှစ်

သီပေါ    ဩဂုတ်   ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်သားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရန်(၃-၅-၂၀၂၁) ရက်နေ့မှ (၃-၁၁-၂၀၂၂)ရက်နေ့အထိ ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်း နေထိုင်ကြသော ဒေသခံပြည်သူများအနေဖြင့် ပန်းခင်းစီမံချက်နှင့် ပတ်သက်၍  သိရှိလိုသည်များ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ရာတွင် အဆင်မပြေမှုများရှိပါက သီပေါမြို့နယ်၏ Call Centre (၀၈၂၂၉၈၀၀၃၊ ၀၉၄၂၇၃၀၆၅၅၃)သို့  ဆက်သွယ်မေးမြန်းဆောင်ရွက်နိုင်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ  သိရသည်။

ခင်လေး(ပြန်/ဆက်)