မိုင်းငေါ့ မေ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် အမှတ်(၁၀၁၁) နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ခေတ္တနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်ဝင်းဦးစီး၍ နည်လှည့်ဆေးကုသရေးအဖွဲ့သူနာပြုအရာရှိ ဗိုလ်ကြီးကောင်းမြတ်ဇင် ဦးဆောင်သောအဖွဲ့သည် မိုင်းငေါ့မြို့ပေါ်ရှိ ပြည်သူများနှင့် အနီးဝန်ကျင်ကျေးရွာများရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ဆေးကုသမှုကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် အပတ်စဉ် အင်္ဂါ၊ ကြာသာပတေး၊ စနေနေ့များတွင် ဈေးရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ နံနက်(၉)နာရီမှ နေလယ်(၂)နာရီအထိ ဆေးခန်းဖွင့်လှစ်ပြီး သူနာပြုအရာရှိ ဗိုလ်ကြီးကောင်းမြတ်ဇင်နှင့်အဖွဲ့မှပြည်သူများ၏ အထွေထွေရောဂါများဖြစ်သော သွေးတိုး၊ နှလုံး၊ ဆီးချို စသည့်ရောဂါများအတွက် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာများမှ ဒေသခံပြည်သူ ကျား(၅)ဦး၊ မ(၈)ဦး စုစုပေါင်း (၁၃) ဦး လာရောက်ဆေးကုသမှုခံကြပြီး တာဝန်ရှိသူများ ကဆေးကုသလူနာများအား ကြည့်ရှု့အားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)