ရပ်စောက်မြို့၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး

ရပ်စောက်  မေ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို  ယမန်နေ့ ရက်နေ့ နံနက် ၉ နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်၌  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ထုတ်ပေးရာတွင် ပင်စင်လစာငွေလာရောက်ထုတ်ယူသူများအား ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ   ထုတ်ပေးလျက်ရှိပြီး ရပ်စောက် မြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း (၂၀၀၀)ကျော်ရှိကြောင်း၊ ပင်စင်စားများ အဆင်ပြေစေရေး အတွက် မေ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအတွင်း ထုတ်ပေးလျက်ရှိရာ ပထမနေ့တွင် အငြိမ်းစားပင်စင်ထုတ်ယူသူ (၇၀၀)ကျော်ရှိကြောင်းနှင့် ကျန်ရှိသည့်အငြိမ်းစားဝန်ထမ်းများ၏ လစာငွေများကို ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်