ဖား​ဆောင်းမြို့နယ်၊​ မြောက်ပိုင်းရပ်ကွက်ရှိ အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ဌာနဆိုင်ရာများ စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်

ဖား​ဆောင်း မေ ၂၄

ကယားပြည်နယ်၊​​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်​​​ရေးအဖွဲ့၏ ဦး​ဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများစု​ပေါင်း၍ ခြုံနွယ်မြတ်ပင်များ ရှင်းလင်းခြင်းနှင့် စွန့်ပစ်အမှိုက်များ​ ကောက်ယူခြင်းကို ယ​နေ့ နံနက် ၇ နာရီအချိန်က ​မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက် တန်း​ကျောင်းဝန်း၌ စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်ခဲ့​​ကြောင်း သိရသည်။

ထိုသို့ ဌာနဆိုင်ရာများ စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး​ကျော်ထင်ဦးစီးပြီးရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာ​ရေးမှူးဦးကြည်လင်နှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ​ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်​ကျေးအုပ်ချုပ်​ရေးမှူးများ စု​ပေါင်းပြီး​ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ​ရေးတို့အတွက် အ​ခြေခံပညာအထက်တန်း​ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်ပိတ်​ပေါင်းများ၊ မြက်ပင်များအား မြက်ဖြတ်စက်ဖြင့် ရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ​ ကောက်ယူခြင်း၊ မြက်နုတ်ခြင်းတို့ကို ​ဆောင်ရွက်ကြပြီး မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဥ်ဖြင့် စနစ်တကျ စွန့်ပစ်ခြင်းတို့ကို စုစု​ပေါင်းအင်အား (၉၀) ဦးခန့်ဖြင့် စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)