သတင်းများ

မြောက်ဦးခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ
May 25,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယမန်နေ့ ယနေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်များ ဖြန့်ဝေ
May 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မြို့နယ်ပညာရေးမှူးရုံးမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် KG၊ Grade-1 မှ Grade-11 အထိ ကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ခေါင်းလောင်းဆောင်နေရာ၌ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးဆောင်ရွက်
May 25,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အား  မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီက မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်း ဦးဆောင်သော မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ ဝန်ထမ်းများက  တောင်ပြင်(၂)ရပ်ကွက်၊ ပုဏ္ဏဝတီလမ်းတစ်‌လျောက် လမ်းဘေးဝဲ/ယာတို့တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်   သယံဇာတရေးရာဝန်းကြီး ဦးစိုင်းလိတ် မိုင်းဖြတ်မြို့နယ်ရှိ တူးဖော်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး
May 25,2022
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်  သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့်အဖွဲ့သည် မေလ ၂၄ရက် နံနက် ၉နာရီ ၄၅မိနစ်အချိန်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ ဆိုင်လေကျေးရွာအနီးရှိ အစမ်းကျင်း (Drilling) တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲဝန်ကြီးချုပ် ဦးတင်မောင်ဝင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
May 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ဒုတိယအသုတ်ထွက်ခွာ
May 25,2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာအလုပ် သမားများစေလွှတ်ရေး လုပ်ငန်းစဉ်အရ ယမန်နေ့ညနေပိုင်းက ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မြန်မာအလုပ်သမား(၁၉၃)ဦးထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် အလုပ်လုပ်ကိုင်ရန် ဒုတိယအသုတ်ထွက်ခွာသွားကြောင်း သိရသည်။
ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် Mobile ဈေးကားနှင့် သားငါးများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေး
May 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ရန်ကုန်မြို့​တော်စည်ပင်သာယာ​ရေး ​ကော်မတီတိရစ္ဆာန်​ ဆေးကုသ​ရေးနှင့် သားသတ်ရုံများဌာန၊​ စျေးများဌာနနှင့် သန့်ရှင်း​ရေဌာနတို့မှ ပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက်
သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ
May 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လယ်မြေများ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲက ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆)၊ တောင်သူ ဦးနိုင်၏ လယ်မြေ၌ ကျင်းပကြောင်း သိရသည်။