ပုလောမြို့နယ် စံပြကျေးရွာတွင် လယ်ယာကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ရန် လယ်ထွန်စက်(၁)လုံး ၅၀% ဖြင့် ရောင်းချပေး

ပုလော မေ ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် သမဝါယမဦးစီးဌာနမှ စံပြကျေးရွာအတွက် လယ်ယာကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ရန် လယ်ထွန်စက် (၁)လုံးကို ၅၀% ဖြင့် ယမန်နေ့ညနေက တောင်သူ (၁) ဦးအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ DAEDONG အမျိုးအစား  DF-4510  လယ်ထွန်းစက်မှာ ကာလတန်ဖိုးငွေ ၁၇၀၉၇၁၉၂ ကျပ်တန်ဖိုးရှိပြီး သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ ပုလောမြို့နယ် စံပြကျေးရွာ စီမံကိန်းအတွက် နိုင်ငံတော်အစိုးရက ၅၀% လျော့ဈေးဖြင့် ရောင်းချပေးခဲ့ကြောင်းနှင့် ပုလောမြို့နယ်တွင် လှည်းကျွန်းဝကျေးရွာမှ တောင်သူ (၁) ဦးက ရရှိခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်တွင် သမဝါယမဦးစီးဌာနအသင်း(၄၀)သင်းရှိပြီး၊ အသင်းသူ/အသင်းသားများနှင့် ပြည်သူများအတွက် စားဝတ်နေရေးအဆင်ပြေစေရန် အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်များ အရစ်ကျရောင်းချပေးလျက်ရှိပြီး၊ ယခုအခါတွင် စိုက်ပျိုးသူတောင်သူများ လုပ်အားခလျော့ချနိုင်စေရန်နှင့် ထွက်ကုန်အရည် အသွေးကောင်းတဲ့မျိုးကောင်းမျိုးသန့်များ ရရှိစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာန ဦးသိန်းဝင်းထံမှ သိရသည်။

အေးအေးမော် (ပုလော)