သတင်းများ

နမ္မတူမြို့နယ်၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သော လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်
May 25,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်၌ မေလ (၇)ရက်နေ့တွင် လေပြင်း တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သော လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်၊ ကျောက်ကုဒင်ကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ဒုတိယအကြိမ် ကွင်းဆင်းထိုးနှံပေး
May 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ကျောက်ကုဒင်ကျေးရွာအုပ်စုရှိ ဒေသနေပြည်သူများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးမထိုးနှံရသေးသည့်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မြိတ်ခရိုင်ဘဏ်ခွဲ)မှ မိုးစပါးစိုက်တောင်သူ (၄၈၁၈)ဦးအား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေး
May 25,2022
လယ်ယာစိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် တောင်သူများအား အရင်းအနှီးများရရှိစေရေးအတွက် နိုင်ငံတော်မှ နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယခုနှစ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မြိတ်ခရိုင်ဘဏ်ခွဲ)မှ  မိုးစပါးစိုက်ပျိုးကြမည့် တောင်သူ(၄၈၁၈)ဦးကို စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း(၄၉၀၀)ကျော် လျာထားထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း  မြိတ်ခရိုင်ဘဏ်ခွဲမှ သိရသည်။
အုတ်ဖိုမြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး
May 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သစ်တောဦးစီးဌာနက ကြီးမှူး၍ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက အုတ်ဖိုမြို့၊ ဂမုန်းကြိုးဝိုင်း၊ အကွက်အမှတ်(၂၃/၂၈) စိုက်ကွင်း၌ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ပြုလုပ်
May 25,2022
သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် သစ်တောဉီးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ညောင်လေးပင်မြို့နယ် နဘဲပင်ကျေးရွာအုပ်စု နဘဲပင်နှင့်ဝင်္ဂဘော်ကျေးရွာချင်ဆက်လမ်းဘေးတွင် ယနေ့နံနက်(၈) နာရီ က ကျင်းပခဲ့သည် ။
ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
May 25,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ လူငယ်လူရွယ်လေးများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများကို သိရှိနားလည်စေရန်အတွက်ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းအချိန် က ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ကော့သောင်းခရိုင်(Community Centre )ခန်းမ၌  (၂/၂၀၂၂) ရှေးဦးပြုစုခြင်းအခြေခံသင်တန်း ဖွင့်လှစ်
May 25,2022
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကော့သောင်းခရိုင် ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းကာ ၂/၂၀၂၂ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ရုံး(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်  န-လက္ခုပ္ပင်ကျေးရွာတွင် တစ်နိုင်တစ်ပိုင် စပျစ်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိ                               
May 25,2022
စားသုံးသူဈေးကွက်တွင် လူကြိုက်များလာသည့် စပျစ်စိုက်ပျိုးသည့်လုပ်ငန်းကို နတ်မောက်မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ  ကျေးရွာအချို့တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးနေကြကြောင်း သိရသည်။    နတ်မောက်မြို့နှင့် (၂)မိုင်ခန့် ဝေးကွာသည့် န-လက္ခုပ္ပင်ကျေးရွာတွင်လည်း ကိုဝေယံစိုးမှ စပျစ်စိုက်ပျိုးလျက် နတ်မောက်မြို့ပေါ်သို့ ဈေးကွက်တင်ပို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။