နတ်မောက်မြို့နယ်  န-လက္ခုပ္ပင်ကျေးရွာတွင် တစ်နိုင်တစ်ပိုင် စပျစ်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိ                               

နတ်မောက်  မေ ၂၅

စားသုံးသူဈေးကွက်တွင် လူကြိုက်များလာသည့် စပျစ်စိုက်ပျိုးသည့်လုပ်ငန်းကို နတ်မောက်မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ  ကျေးရွာအချို့တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးနေကြကြောင်း သိရသည်။    နတ်မောက်မြို့နှင့် (၂)မိုင်ခန့် ဝေးကွာသည့် န-လက္ခုပ္ပင်ကျေးရွာတွင်လည်း ကိုဝေယံစိုးမှ စပျစ်စိုက်ပျိုးလျက် နတ်မောက်မြို့ပေါ်သို့ ဈေးကွက်တင်ပို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။     

“စပျစ်များကို စတင်စိုက်ပျိုးလာတာ(၃)နှစ်ရှိပါပြီ၊ စိုက်ပျိုးပြီး ရှင်သန်ဖြစ်ထွန်းနေတဲ့ စပျစ်ပင်တွေကို  ဇန်နဝါရီလမှာ ကိုင်းဖြတ်ပြီး (၆)လအကြာ မေလတွင် စပျစ်သီးတွေကို ရောင်းလို့ရပါပြီ တစ်ပိဿာ လက်ကာစျေး (၃၅၀ဝိ/)၊ လက်လီစျေး (၄၀၀ဝိ/) ရောင်းချရပြီး၊ ရောင်းရငွေဖြင့် မိသားစုဝင်ငွေရရှိသော်လည်း ယခုနှစ်တွင် စိန်တစ်လုံးသရက်သီးများ လှိုင်လှိုင်ပေါ်နေသည့်အတွက် စပျစ်သီးများ ရောင်းအားနည်းသည်ဟု” န-လက္ခုပ္ပင် ရွာမှ စပျစ်ခြံပိုင်ရှင် ကိုဝေယံစိုးက ပြောကြားခဲ့ကြောင်းသိရသည်။ စပျစ်အမျိုးအစားအမျိုးမျိုးရှိပြီး ဘလပ်ကွင်း၊ သီးချွန်၊ ရွှေနီ၊ သခွားမွှေး၊ ဘောဘလပ်၊ အာဂျီ (ပန်းရောင်) တို့အနက် စားသုံးသူဈေးကွက်တွင် အမျိုးအစားများကို ရွေးချယ်စိုက်ပျိုးရပြီး ဘလပ်ကွင်းနှင့် ဘောဘလပ်၊ စပျစ်ပင်(၃၅၀) စိုက်ပျိုးထားကြောင်းသိရသည်။

လှဝင်း (နတ်မောက်ပြန်/ဆက်)