သင်္ဃန်းကျွန်း မေ ၂၅
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ လူငယ်လူရွယ်လေးများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများကို သိရှိနားလည်စေရန်အတွက်ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အရှေ့ပိုင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကြည်သာလှိုင်နှင့်တာဝန်ရှိသူများက ဒီရေတောများအနေဖြင့် လူနှင့်သက်ရှိများအား များစွာအကျိုးပြုပုံ၊ ပလပ်စတစ်သုံးစွဲခြင်း ကြောင့် လူနှင့်တိရစ္ဆာန်အပါအဝင် မြေဆီလွှာအားများစွာ ထိခိုက်ပျက်စီးစေမှုများနှင့် ပတ်သက်သည့် အကြောင်းအရာများကို အသေးစိတ် အသိပညာပေး ရှင်းလင်း ဟောပြောခဲ့ကြသည်။ ဆက်လက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဗီဒီယိုကို ပြသပေးခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက် လာကြသော လူငယ်လူရွယ်လေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြ ကြောင်း သတင်းရသည်။
ခရိုင် ပြန်/ဆက်)