မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၀)ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိ

မိုင်းခတ်   ဒီဇင်ဘာ    ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၀) ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့်  ယနေ့ နံနက်ပိုင်းတွင် ဆေးရုံဆင်းခွင့် ရရှိကြောင်း သိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့် ရရှိသူ (၁၀) ဦးသည် နိုဝင်ဘာ ၂၂ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာအဖြစ် ကျန်းမာရေးဌာနမှ စစ်ဆေးတွေ့ရှိခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်လူနာဆောင်၌ ၁၀ ရက်ကြာ ဆေးကုသမှုခံယူစေခဲ့ကာ ကျန်းမာရေးစစ်ဆေးချက်အရ ရောဂါကင်းစင်သွားပြီဖြစ်သောကြောင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဆေးရုံ ဆင်းခွင့် ပြုခဲ့ကြောင်း၊ ဆေးရုံဆင်းပြီးနောက် ဆက်လက်၍ မိမိ၏နေအိမ်၌  ခုနှစ်ရက် Home Quarantine နေထိုင်သွားရန်၊ လူစုလူဝေးဖြင့် နေထိုင်ခြင်းမပြုရန်၊ ကျန်းမာရေးနှင့် ပတ်သက်သော  ဆောင်ရန်ရှောင်ရန်များကို  သတိပေးမှာကြားခဲ့ကြောင်း  သိရသည်။

မိုင်းခတ်မြို့နယ်တွင် ဇူလိုင်လ ၁၃ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့ ‌နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၆၆) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ (၈၈) ဦး၊ ဆေးကုသမှု ခံယူနေသူ (၇၈) ဦး ကျန်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)