ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တနင်းသရော-မဲပရကြီး-မဲပရလေးကျေးရွာ ရွာချင်းဆက်‌ မြေသားလမ်းဖောက်လုပ်

ပိုင်ကျုံ    ဒီဇင်ဘာ   ၂

ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြှင့်မားစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ မဲပရကျေးရွာအုပ်စုအတွင်းရှိ ဒေသနေပြည်သူများ‌ နွေ၊မိုး၊ ဆောင်း ဥတုသုံးရာသီလုံး  သွားလာရေး အဆင်ပြေရေးအတွက် တနင်းသရော-မဲပရကြီး-မဲပရ လေးကျေးရွာ ရွာချင်းဆက်‌ မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို နို၀င်ဘာလ ၁၁ရက်နေ့ တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းသည်  ပိုင်ကျုံမြို့အမှတ်(၅)ရပ်ကွက်နှင့် မဲပရကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ ဆက်သွယ်ထားသည့်လမ်း ဖြစ်ပါသည်။ အရှည် ၃ မိုင်၊ အကျယ် ၂၈ ပေ၊ ထု ၂ ပေရှိပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမ၆လပတ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးခွင့် ပြုရန်ပုံငွေကျပ် (၁၁၅.၁၆၅)သန်းဖြင့် အကောင်အထည်‌ဖော် ဆောင်ရွက်လျက်‌ရှိကြောင်း၊ ယင်းလမ်းဖောက်လုပ်ခြင်းကို Kayin Geology Co.Ltd မှတာ၀န်ယူဆောင်ရွက်ပြီး လုပ်ငန်းများ အချိန်မီပြီးနိုင်ရေးအတွက် ကရင်ပြည်နယ် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာမှ တာ၀န်ရှိသူတို့က အနီးကပ် ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

လမ်း‌‌ဖောက်လုပ်ခြင်းလုပ်ငန်းများပြီးစီးပါက မဲပရ‌ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် ဥတုသုံးပါးလုံး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွား ရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပိုမိုလွယ်ကူ အဆင်‌ပြေလာမည် ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံ(ပြန်/ဆက်)