ငဖဲ ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးပြည်သူ့ စာကြည့် တိုက်ခန်းမတွင် ဝန်ထမ်းများအနေဖြင့် ဌာနလုပ်ငန်းများဆောင်ရွက်ရာတွင်လျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းများကိုကျေပွန်စွာထမ်းဆောင်နိုင်ရန်နှင့် စာဖတ်သည့်အလေ့အထများဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဝန်ထမ်းများစာဖတ်ဝိုင်းဆွေး နွေးပွဲကို ယမန်နေ့မွန်းလွဲ ၂နာရီက ကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက ဝန်ထမ်းများစာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများ ကိုဆွေးနွေးပြောကြားသည်။
ထို့နောက်ဦးစိုးမိုးသူ (စာထောက် -၃)မှ စာကြည့်တိုက်စာအုပ်များလေ လွင့်ပြုန်းတီးမှုမဖြစ်စေရေးကြီး ကြပ်စစ် ဆေး ဆောင်ရွက်ရန်အချက်များ၊ ဦးတိုးလွင် (ရုပ်သံ -၃)မှ သတင်းမီဒီယာဥပဒေပါ သတင်းမီဒီယာ သမားများ လိုက်နာရမည့်တာဝန်နှင့် ကျင့်ဝတ်များ၊ ဒေါ်အေးထက်ထက်(အငယ်တန်း စာရေး)မှ ရုံးလုပ်ငန်းရည် ရွယ်ချက်၊ ရုံးလုပ်ငန်းအဓိပ္ပာယ်နှင့် ပြီးပြည့်စုံသောရုံးလုပ်ငန်းဖြစ်စေရန်ဆောင် ရွက်ရမည့် အချက်များ၊ ဦးသန်းထွန်းဝင်း (လုပ်သားရုပ်သံ)မှ မျိုးတူစုပြုခြင်း၊ မျိုးတူစုပြုခြင်းအားဖြင့်ရရှိသောအကျိုးကျေးဇူး၊ မျိုတူစုပြုရာတွင် လိုက်နာ ရမည့်အချက်များနှင့် ဦးမင်းနောင် (အစောင့်)မှ ဝန်ထမ်း များလိုက်နာရမည့် တာဝန်များကို အသီးသီးဖတ်ကြား ဆွေးနွေးရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယုယုသိန်းက ပြန်လည်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မယု (ငဖဲ)