သတင်းများ

ခိုလမ်မြို့တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြား
Dec 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းမှ စတင်ကာ ကျောင်းများ စတင်ဖွင့်လှစ်၍ ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီ ငွေလုံး‌ငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း (၁၀၀) အောက် လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာဖွင့်ဖောက်စစ်ဆေး
Dec 01,2021
၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(၆)လအတွင်း နေပြည်တော်ကောင်စီ ငွေလုံး‌ငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း (၁၀၀) အောက် လုပ်ငန်းများအတွက် နည်းပညာ အဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ နွေသီးနှံစိုက်ပျိုးရာသီတွင် နွေးစပါးနှင့် နွေနှမ်း ဧက ၆၀၀၀၀ ကျော် လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်
Dec 01,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် နွေစပါးနှင့် နွေနှမ်း ဧက ၆၀၀၀၀ ကျော် လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် တောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေး တွက် ၂၀၂၂ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မဲဇလီရေလွှဲဆည်မှ တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့ကို စိုက်ပျိုးရေ စတင်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။
လှိုင်မြို့နယ်အတွင်းသန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်မွန်စေရေးအတွက် မြို့နယ်စည်ပင်မှ ဆောင်ရွက်
Dec 01,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်အတွင်း ရပ်ကွက်ပေါင်း(၁၆)ရပ်ကွက်ရှိရာ၊ ယမန်နေ့ နံနက် ၉း၀၀အချိန်က (၁၂)ရပ်ကွက်အုတ်ကျင်းမှတ်တိုင်၊ တပ်မတော်ချည်မျှင့်နှင့် အထည်ချုပ်စက်ရုံရှေ့ သစ်ပင် သစ်ကိုင်းများ ရှင်းလင်းခြင်း၊ အမှိုက်များ မြက်ချုံများရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရလာကောင်းမွန်စေရေး၊ ရေမြောင်းများ ဖောက်လုပ်ခြင်းများကို လှိုင်မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး အစီအစဉ်ဖြင့် စည်ပင်ဝန်ထမ်း များမှဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိသည်။
သံတောင်ကြီးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Dec 01,2021
ကရင်ပြည်ယ်၊ ဘားအံခရိုင်၊ သံတာင်ကြီးမြို့နယ်တွင်ပန်းခင်းစီမံချက်ဖြင့်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ " လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ "ဆောင်ပုဒ်နှင့်အညီ ယနေ့ နံနက်(၁၀)နာရီအချိန်က သံတောင်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ပြည်သူများ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်အမှာစကားပြောကြား
Dec 01,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီတွင် ပါဝင်သည့်ဌာနများမှ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၊ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်လျက်ရှိသော ကြက်ခြေနီ၊ ပရဟိတ အဖွဲ့များအနေဖြင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးကို ပိုမိုနားလည်လာစေပြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စွမ်းရှိစေရန်ရည်ရွယ်၍ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျောက်ဆည်မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေးစာရင်များ ဆောင်ရွက်ပေး
Dec 01,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း များ အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်၉ နာရီက မှိုင်းပန်ကျေးရွာနှင့် တောင်တော်ကျေးရွာမှ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ကယားပြည်နယ်တွင် ကိုဗစ်-၁၉ရောဂါပိုး ယမန်နေ့က (၁၃)ဦးထပ်မံတွေ့ရှိပြီး ယနေ့ထိ ဆေးရုံ ဆင်းခွင့်ရသူ (၅၄၄၀) ဦးရှိ
Dec 01,2021
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ( ၁၂၅) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၁၃) ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၁၃)ဦးရှိရာ ၎င်းပိုးတွေ့ လူနာများအနက် လွိုင်ကော်​ ဆေးရုံကြီးတွင် (၇) ဦး၊ ရွာသစ်တိုက်နယ် ဆေးရုံတွင်(၄)ဦး၊ မယ်စဲဆေးရုံတွင် (၁)ဦး၊ ဘောလခဲမြို့နယ်ဆေးရုံတွင် (၁)ဦးထားရှိ ကုသပေးလျက် ရှိကြောင်းသိရှိရသည်။