လမ်းမတော်မြို့နယ် UMFCCI တွင်အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (အ- ၈/၁၉-၂၂) ကျင်းပ
Nov 30,2021
လမ်းပတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်၏အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး (အ- ၈/၁၉ -၂၂) ကို ယမန်နေ့တွင် Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ရာတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးနှင့် အလုပ်သမားများ ကာကွယ်ဆေးထိုးနှံရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မူဝါဒရေးရာနှင့် သုတေသန စာတမ်းများ အကြံပြု တင်ပြခြင်းများ ဆောင်ရွက်ရန်ရှိခြင်း၊ စီးပွားရေးဆိုင်ရာ သင်တန်းများလည်း ဖွင့်လှစ်လျက် ရှိခြင်း၊ အသေးစား၊ အလတ်စား၊ လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် MSME Association of Myanmar အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီး အသင်းချုပ်တွင် MSME Service Centre ထားရှိ၍ ယင်းမှတစ်ဆင့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်များအား ကူညီပြီးဆောင်ရွက်ဖို့စီစဉ်လျက်ရှိခြင်း၊ အသင်းချုပ်၏ သတင်း အချက်အလက် များ သိရှိနိုင်ရန် Mobile App တည်ထောင်ထားရှိခဲ့ခြင်း၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း စသည်တို့ကို ဆောင်ရွက်ထား ရှိကြောင်း ပြောကြားခဲ့သည်။