မောင်တော နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) သင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့(ခွဲ)ရုံးတွင် ဖွင့်လှစ်သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲမှူး ဦးမောင်ဝင်းနိုင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက် တစ်ခုဖြစ်သော လူတိုင်းရှေးဦးပြုစု တတ်စေရန် ရည်ရွယ်၍ သင်တန်းပို့ချရာတွင် သင်တန်းသားများအား ရှေးဦးပြုစုခြင်း အတတ်ပညာဖြင့် ထိခိုက် ဒဏ်ရာ ရရှိ သူ များ အား ကူညီဆောင်ရွက်ခြင်း ၊ အရေးပေါ်ကိစ္စရပ်များ ဖြစ်ပွားလာပါက ရှေးဦး သူနာပြုစုခြင်း စသည့် ပညာရပ်များကို ပို့ချပေးလျက်ရှိပြီး အဆိုပါ သင်တန်းသို့ မြို့ပေါ်ရပ်ကွက်များမှ သင်တန်းသား/ သူ စုစုပေါင်း ၂၀ ဦး တက် ရောက် သင်ယူလျက်ရှိရာ နိုဝင်ဘာ ၂၆ ရက်နေ့မှ စ၍ ၂၈ ရက်နေ့ထိ ၃ ရက်ကြာ စာ တွေ့ ၊လက်တွေ့ သင်ကြား ပို့ချပေးလျက်ရှိ ကြောင်းသိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်