မင်းတုန်းမြို့နယ် ဝန်တွင်းကျေးရွာတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်း

မင်းတုန်း နိုဝင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ဝန်တွင်းကျေးရွာ၌ ယမန်နေ့နံနက် ၉ နာရီက တောင်သူ ဦးဆန်းဝင်း၏ လယ်တွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ခဲ့ရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းဦးက မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း စိုက်ပျိုးရခြင်းနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ဆင်းသုခ(၀.၁၀)ဧကအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်း ခဲ့ပြီး တစ်ဧက အထွက်နှုန်း(၉၇.၆၀)တင်းထွက်ရှိကြောင်းသိရသည်။ အဆိုပါမိုးပါးမျိုးစေ့ထုတ် စိုက်ခင်း ကို စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူ ပူးပေါင်းစိုက်ပျိုးခြင်းဖြစ်ပြီး ထွက်ရှိလာသော မျိုးကောင်းမျိုးသန့် မျိုးစပါးများကို အခြားတောင် သူများအား ဆက်လက်ဖြန့်ဖြူးပေးသွားမည် ဖြစ် သည်။

အဆိုပါ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း စံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးမျိုးထွဋ်သွင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဦးနိုင်ဝင်းနှင့် ဝန်တွင်းကျေးရွာနေ တောင်သူ များ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်