သတင်းများ

မိုးမိတ်မြို့နယ်  မြို့မဈေးတွင် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသော ဒေသခံပြည်သူများအား RDTစနစ်ဖြင့် စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Nov 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေး တွင် RDT စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး အခမဲ့စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် နှာခေါင်း စည်းများကို အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ညောင်ဦးခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှ၂၁၇၄၁၉ ဦး ထိုးပေးနိုင်ပြီဖြစ်
Nov 26,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့ နံနက်ပိုင်းအချိန်ထိ ၉၇၃၃၀ ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် သက်ငယ်မုဒိမ်းနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဟောပြော
Nov 26,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် သက်ငယ်မုဒိမ်းနှင့် ကျား၊ မ အခြေပြု အကြမ်းဖက်မှု ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
လောင်းလုံးမြို့နယ်၊ ဇလွတ်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Nov 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဆိုင်ရာ၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးမှ ဦးစီးအရာရှိ ဦးဉာဏ်ဝင်းနှင့် ၀န်ထမ်းများက ယမန်နေ့နံနက်(၁၀) နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် ဇလွတ်ကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်း၌ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်များအား ကိုဗစ်-၁၉ ကာလအတွင်း Online မှတစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု (၂၇၀) ကြိမ်ရှိလာ
Nov 26,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေး၊ အ‌နောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ် ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာ ယာဆင်စခန်း ကိုဗစ်-၁၉ရောဂါကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတစ်ဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု များပြားလာကြောင်း သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာထံကသိ ရသည်။
မင်းပြားမြို့နယ်၌ စားသုံးသူကာကွယ်ရေး Online Talk Show ဆွေးနွေးပွဲကျင်းပ
Nov 26,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စားသုံးရေးရာ ဦးစီးဌာနတို့ ပူးပေါင်းပြီး Talk Show ကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
စဉ့်ကူးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား များ ပြုလုပ်ပေးအပ်ပွဲကျင်းပ
Nov 26,2021
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပြုလုပ် ပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီမှ စတင်ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဉီးစီးမှူးရုံး၌ ကျင်းပ ပြုလုပ်သည်။
ပင်လောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ မိုးစပါးစံကွက် ရိတ်သိမ်းပွဲကျင်းပ
Nov 26,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲအား မြောက်ထီဗွာ ကျေးရွာအုပ်စု မြောက်ထီဗွာကျေးရွာ ကွင်းအမှတ် ၃၃၁၊ ဦးပိုင်အမှတ် ၃၇  ရှိ တောင်သူ ဦးအောင်သောင်း၏ လယ်တွင် ယမန်နေ့  နံနက် ၁၀နာရီက ပြုလုပ်ခဲ့သည်။