ဖျာပုံမြို့နယ် သဲအိမ်တမံကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဖျာပုံ    နိုဝင်ဘာ    ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ် ဦးစီးဌာနမှူးရုံးမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့"ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများ အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဖျာပုံမြို့နယ် သဲအိမ်တမံကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျေးရွာရှိ ပြည်သူများ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြား ပြုလုပ်ပေးရခြင်း နှင့်ပတ်သက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်က ရှင်းလင်းပြောကြားပြီး၊ ဖျာပုံမြို့နယ် သဲအိမ်တမံကျေးရွာအုပ်စုရှိ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများ၊ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ မှတ်ပုံတင်အသစ် လဲလှယ်ခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးရာတွင် လူဦးရေ(၁၅၉)ဦးနှင့် အိမ်ထောင်စုစာရင်းမရှိသူ(၄၂)စုအား အိမ်ထောင်စုအသစ် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့အတူ ကျုံသွတ်တညီကျေးရွာအုပ်စုတွင်လည်း အိမ်ထောင်စု (၇၉)စုအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့နယ်လူဝန်မှု ကြီကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ် ဦးစီးဌာနမှူးရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)