မိုင်းခတ်၌(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့်   ပုံပြင်ပြော ပြိုင်ပွဲကျင်းပ

မိုင်းခတ်  နိုဝင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌(၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့်ပုံပြင်ပြောပြိုင်ပွဲကိုယမန်နေ့နံနက်(၁၀)နာရီအချိန်ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊CommunityCentreခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဒေါ်နန်းနွယ်အောင်ကဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်များ၊အမျိုးသားအောင်ပွဲနေ့ပေါ်ပေါက်လာပုံသမိုင်းအကျဉ်းတို့အားပြောကြားပြီးတက်ရောက်လာကြသောကျောင်းသား၊ကျောင်းသူများက မိမိကြိုက်နှစ်သက်ရာခေါင်းစဉ်ဖြင့်ပုံပြင်ပြောပြိုင်ပွဲကိုဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းနောက်ပုံပြင်ပြောပြိုင်ပွဲတွင်ပထမဆု၊ဒုတိယဆု၊တတိယဆုရရှိသူများအားဂုဏ်ပြုဆု များ‌ပေးအပ်ချီးမြှင့်ပြီးအခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ များအားအမှတ်တရလက်ဆောင်အဖြစ်ခဲတံတစ်ချောင်းနှင့်ရောင်စုံစက္ကူဖြင့်ခေါက်ထားသောပိုက်ဆံအိတ်တစ်လုံးတို့ကိုပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)