မေတ္တာ နိုဝင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ကျေးရွာများတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၆ ရက်နေ့မှ ၁၃ ရက်နေ့အထိ မေတ္တာမြို့၊ ဟိန္ဒါးကျေးရွာတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာ ဟိန္ဒါးကျေးရွာရှိပြည်သူများအား အသက်(၁၀)နှစ်ပြည့် အမျိုးသားမှတ်ပုံတင်ပြုလုပ်သူ (၁၇၅)ဦး၊ အသက် (၁၈)နှစ်ပြည့် မှတ်ပုံတင်ပြုလုပ်သူ(၁၄၂)ဦး၊ မှတ်ပုံတင်လဲလှယ်သူ(၇၁)ဦးနှင့် ပျောက်ဆုံး/ ပျက်စီး ပြန်လည်ပြုလုပ်သူ(၅၄)ဦး၊ စုစုပေါင်း(၄၄၂)ဦးနှင့် အိမ်ထောင်စုစာရင်း(၅၁၄)စောင်အား ဆောင်ရွက် ပေးခဲ့ရာ ထားဝယ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်ရုံး၊ မြို့နယ် ဦးစီးမှူးဦးကျော်ကျော်နိုင်က အမျိုးသားမှတ်ပုံတင်ကတ်များနှင့် အိမ်ထောင်စုစာရင်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ အနေဖြင့် ပန်းခင်းစီမံချက်ဖြင့် ပြည်သူများ အမျိုးသားမှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ လွယ်ကူ လျှင်မြန်စွာ ဆောင်ရွက်နိုင်စေရန် ဝေးလံသည့်ကျေးရွာများအထိ အရောက်သွားကာ ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
နန်းခလိုက်(မေတ္တာ)